အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအုပ်စုနှင့်နတ်မောက်ကျေးရွာအုပ်စုတို့ရှိ လေဘေးသင့်ပြည်သူများအား ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်နှင့်အဖွဲ့များလာရောက်ကာ သက်ဆိုင်ရာကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတို့၌ ထောက်ပံ့ငွေနှင့် စားသောက်ကုန်ခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 25,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းနှင့် စံပြကျေးရွာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ခေတ်မီစံပြကျေးရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း၊ ဆိုလာရေတင်လုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Apr 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို တံပူစားကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်း‌ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Apr 25,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ် ၊ စိတ် ၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးဝါယမ ဦးဆောင်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 25,2024
မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy  Life  Style) အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းကို ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။