ဒေးဒရဲ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ် ၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့ သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ သန်းဖြိုးနိုင် (ကညင်ကျိုး) ရေးသားသည့် အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏ အခန်းကဏ္ဍနှင့် အခြားဆောင်းပါးများ စာအုပ်ပါ အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏ အခန်းကဏ္ဍ ဆောင်းပါးနှင့် စနစ်တကျ ပြုစုပျိုးထောင်ရမည့် လူ့စွမ်းအားအရင်းအမြစ် ဆောင်းပါး ကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် မျိုးဆက်သစ်လူငယ်မျာသည် ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်အောင် အသိဉာဏ်ပညာများ ရင့်ကျက်ရမည်ဖြစ်ပါကြောင်း နယ်ပယ်အသီသီးတွင် နိုင်ငံတော် အတွက် အားထားရမည့်် ထူးချွန်သော လူငယ်များ လိုအပ်ပါကြောင်းနှင့် မိဘများသည် သားသမီး များကို ငယ်စဥ်ကတည်းက သွန်သင်ဆုံးမရမှာ ဖြစ်ပါကြောင်း၊ သို့မှသာ ချစ်ရာရောက်မှာ ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးလိုပါလျှင် မိဘများအနေဖြင့် သားသမီးများကို ချစ်ပါ မနှစ်သင့်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အေဇာလင်း