(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဆိုင်းဘုတ်တင်ခြင်းနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

ချမ်းအေးသာစံ မေ၂

၂၀၂၄ခုနှစ် မေလ ၅ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို မေလ(၁)ရက် နံနက်(၇)နာရီမှ စတင်ကာ ချမ်းအေးသာစံမြို့နယ် ၂၉×၈၁ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင်၊ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ မန္တလေးမြို့အရန်မီးသတ်ကြီးကြပ်ကော်မတီဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သစ်သစ်လှိုင်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထက ၅ ဘင်ခရာတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမွေးနံသာရည်များ ပက်ဖျန်းပေး၍ ဘင်ခရာအဖွဲ့မှ ဂုဏ်ပြုတေးသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ရာ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေ ၁၅၀၀၀၀ ကျပ် ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် သန္ဓေ(အငြိမ်းစား) မီးသတ်ဝန်ထမ်းဟောင်းများနှင့် အသက်(၇၀)နှစ်အထက်ရှိသော လက်ရှိတာဝန်ထမ်းဆောင်နေသူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၁၇) ဦးအား သက်ကြီးပူဇော်ကန်တော့ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး၊ တိုင်း​​ဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ တစ်ဦးလျှင် တန်ဖိုးတစ်သိန်းကျပ်ခန့်ရှိ ဂါရဝပြုလက်ဆောင်၊ ချီးမြှင့်ငွေများဖြင့် ကန်တော့ခဲ့ရာ ကန်တော့ခံပုဂ္ဂိုလ်များကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဘသာမှ ကျေးဇူးတင်ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်