ကလော မေ ၂
ကျောင်းသား၊ ကျောင်းသူများ နွေရာကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ကလောမြို့နယ် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ၊ အတက်ပညာများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ၂ /၂၀၂၄ ဖွင့်ပွဲကို ယနေ့မွန်းလွှဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က သင်တန်းအဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် ကလောမြို့ပေါ်ရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့ကို ၂၀၂၄ ခုနှစ်မေလ ၂ ရက်နေ့မှစ၍ ဇွန်လ ၂ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)