ရှမ်းရွာသစ် မေ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့ အကျင့် ရှိစေရန်နှင့် စာပေများ ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာပေများ အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ စာပေများ ဖတ်ရှုလေ့လာခြင်းသည် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေသာမက အသိပညာ ဗဟုသုတ ကြွယ်ဝမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)