အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၅၀)၊ ဦးပိုင်အမှတ် (၉/၃)၊ တောင်သူ ဦးမင်းဟန်၏ ဧရိယာ(၄.၉၂)ဧကအတွင်း တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲအား ယမန်နေ့နံနက် (၉)နာရီက တောင်သူဦးမင်းဟန်၏ လယ်မြေဧရိယာ (၄.၉၂)ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 03,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပေါင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ အ.ထ.က(ပတ္တော်)မှလူရည်ချွန်ကျောင်းသူမအိအိငြိမ်းသည် ငွေဆောင်မြို့၊ လူရည်ချွန်စခန်း(ငွေဆောင်)မှ ဒေသန္တရဗဟုသုတများအားလေ့လာခဲ့ပြီး မိုးညိုမြို့နယ်သို့ ယမန်နေ့ ညနေ ၃ နာရီခွဲက ပြန်လည်‌ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက ကြိုဆိုခဲ့ကြသည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို‌ ယ‌နေ့မွန်းလွဲ (၃)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၂)ရက်နေ့ ညနေ(၄:၃၀)နာရီခန့်က မိုးနှင့်အတူ လေပြင်းများကျရောက်ခဲ့ရာ၊ မင်းခေါင်းတောင်ကျေးရွာအုပ်စုရှိ မင်းခေါင်းတောင်ကျေးရွာ၊ စည်သာကျေးရွာနှင့်အောင်ချမ်းသာကျေးရွာတို့တွင် လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်၌ ယမန်နေ့နံနက်(၁၁:၂၀)နာရီ အချိန်ခန့်က လျှပ်စစ်ရေနွေးအိုး(၃ မိနစ်ရေနွေးအိုး) အသုံးပြုရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 03,2024
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော နှစ်ဦးအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။