ရမည်းသင်း မေ ၃
ရမည်းသင်းမြို့နယ်၌ မေ ၂ ရက် ညနေ ၄ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့မအုပ်စုတွင် နေအိမ်(၄)လုံး၊ ဝါတိုးအုပ်စုတွင် နေအိမ်တစ်လုံး၊ အောင်မင်္ဂလာရပ်ကွက်၌ နေအိမ်တစ်လုံး၊ ကတင်အုပ်စုတွင် နေအိမ်(၄)လုံး၊ ကျောက်ဖူးအုပ်စုတွင် နေအိမ် (၁၀)လုံးနှင့် ဘုန်တော်ကြီးကျောင်းတစ်ကျောင်း၊ ကမ္မအုပ်စုတွင် နေအိမ် (၂၆) လုံးနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ ကျွဲတပ်ကျေးရွာအုပ်စုတွင် နေအိမ်နှစ်လုံး၊ ဆည်ကန်အုပ်စုတွင် သပြေလှနေအိမ် (၁၀) လုံး၊ ဆတ္ထိုးကြီးအုပ်စုတွင် နေအိမ် (၈)လုံး၊ တောင်ကန်ကြီးကျေးရွာအုပ်စုတွင် နေအိမ် (၇)လုံး၊ ထိန်ကန်အုပ်စုတွင် နေအိမ် (၈) လုံး၊ ပုတီးကုန်းကျေးရွာတွင် နေအိမ်နှစ်လုံး၊ ပေါက်အိုင်ကျေးရွာအုပ်စုတွင် နေအိမ် (၁၀) လုံး၊ ရွာတန်းသဲကျွန်းရွာတွင် နေအိမ်တစ်လုံး၊ လယ်သာကျေးရွာတွင် နေအိမ်တစ်လုံး၊ ရေဦးအုပ်စုတွင် နေအိမ် (၇) လုံး၊ လွှစင်ကျေးရွာအုပ်စုတွင် နေအိမ် (၁၀၇) လုံး၊ လက်ပံကုန်းကျေးရွာတွင် နေအိမ်တစ်လုံး၊ သိုက်မြှောင်ကျေးရွာတွင် နေအိမ် (၄)လုံး၊ အိုင်တိုးကျေးရွာတွင် နေအိမ်နှစ်လုံး၊ အင်းပေါင်ကျေးရွာတွင် နေအိမ်နှစ်လုံး၊ အုန်းသီးကွဲကျေးရွာတွင် နေအိမ် (၉)လုံး ပျက်စီးခဲ့ပြီး အသက် (၅၀) ခန့် အမျိုးသားတစ်ဦးနှင့် နွားတစ်ကောင်တို့မှာ မိုးကြိုးထိမှန် သေဆုံးသွားခဲ့သည်။
ရမည်းသင်းမြို့နယ်အတွင်း မိုးသက်လေပြင်းကျရောက်သဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုမှ စုစုပေါင်း နေအိမ် (၂၃၈) လုံး၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် နွားတစ်ကောင် သေဆုံးခဲ့ကြောင်း ကနဦးသိရသည်။
ခရိုင်(ပြန်/ဆက်)