တံတားဦး မေ ၃
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက (၇၈) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ရွှေသာလျောင်းဘုရားတွင် ယနေ့နံနက် (၇) နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျောင်းဘုရားပရဝုဏ်အတွင်းရှိ ပေါင်းမြက်များ၊ ချုံနွယ်များ၊ အမှိုက်များကို စုပေါင်းသန့်ရှင်းခြင်း၊ ဘုရားပန်းများ၊ သောက်တော်ရေများ အသစ်လဲလှယ်ခြင်း၊ ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြခြင်းတို့ကို တံတားဦးမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးနှင့် မိသားဝင်များက စုပေါင်းဆောင်ရွက်ကြသည်။
“ကျွန်တော်တို့တပ်ဖွဲ့က (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တစ်ခုဖြစ်သော ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့် (ပြန်/ဆက်)