သာကေတ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ မေလ ၁ ရက်နေ့ ည ၇ နာရီအချိန်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ဧကဒဿမတန်းနှစ်ထပ်ကွမ်း လူရည်ချွန်ဆုရသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား မောင်မြတ်မင်းခန့်အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနာကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစောသက်ဇေအောင်နှင့် ဆရာ၊ ဆရာမများ၊ အမှတ်(၇ )ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ဧကဒဿမတန်း နှစ်ထပ်ကွမ်း လူရည်ချွန် ထူးချွန်ဆုရသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား မောင်မြတ်မင်းခန့်အား ဂုဏ်ပြုပွဲအခမ်းအနား၌ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့်လူရည်ချွန် ငွေဆောင်လေ့လာရေးခရီးစဥ်အတွေ့အကြုံများကို ပြောကြားခဲ့ကာ အမှတ်တရ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)