မိုင်းရှူးမြို့တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

မိုင်းရှူး မေ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါနွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို မြို့နယ်ပညာရေးဌာနက ကြီးမှူးပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့အတွက် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကို လေ့လာသင်ယူနိုင်ရန်၊ မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ဗုဒ္ဓမြတ်စွာဘုရားနှင့်ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတိုင်း လက်ကိုင်ထားကျင့်သုံးရမည့် သိသင့်သိထိုက်သည့် ဘာသာရေးဗဟုသုတများ၊ တစ်ကိုယ်ရည်ကျန်းမာရေးဗဟုသုတများ၊ ပြည်သူ့နီတိစသည်များ သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းတွင် ဓမ္မတောရကျောင်းထိုင်ဆရာတော်၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဆရာ ဆရာမတို့က ပို့ချပေးလျက်ရှိပြီး သင်တန်းကို မေလ ၂ ရက်နေ့မှမေလ ၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)