မြစ်ကြီးနားမြို့၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေး

မြစ်ကြီးနား မေ ၃

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀) ဆံ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွားနှင့် ခံတွင်းကုသဆောင်၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) အခမဲ့ တပ်ဆင်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် သက်ကြီးဘိုးဘွား (၇၀) ဦးအား မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ သွားတု(အံကပ်) တပ်ဆင်ပေးသွားမည်ဖြစ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၆၀) ဦး တို့အား မေလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက ခွဲစိတ်ကုသပေး သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)