စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်(၈)နာရီ ကတောမကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန စဉ့်ကိုင်မြို့နယ်ရုံး မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့်၀န်ထမ်းများက တောမကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထားခြင်းမရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသူများအား ညွှန်ကြားချက်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တောမကျေးရွာအုပ်စုအတွင်း၌ အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသည့် အိမ်ထောင်စုများနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ ကျား(၃၅)ဦးနှင့် မ(၁၈)ဦး စုစုပေါင်း(၅၃)ဦး ဆောင်ရွက်ပေးခဲကြောင်းနှင့်ဆက်လက်ပြီး  အခြားကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)