အထက်မင်းလှ မေ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ဇေယျာသီရိဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အပူဒဏ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒဏ်ကြောင့်ဖြစ်ပေါ်မည့် လက္ခဏာများ၊ အရေးပေါ်ရှေးဦးပြုစုခြင်းများ စသည်တို့ပါဝင်ပြီး ပြည်သူများ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အသိပညာပေးဆွေးနွေးပြောကြားပြီး အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)