ပင်းတယမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးဆုံးရှုံး

ပင်းတယ မေ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ အ-ထ-က (ကျုံး) စာသင်ကျောင်းနှင့် ဆိုင်းဘုတ်ပြိုကျပျက်စီးခဲ့ကြောင်း၊ ပွေးလှကျေးရွာအုပ်စု၊ ပွေးလှကျေးရွာတွင် အ-ထ-က (ပွေးလှ) စာသင်ကျောင်းမှ စာသင်ကျောင်းဆောင် (၂) ဆောင်အမိုးလှန်ကာ မျက်နှာကျက် ပြိုကျပျက်စီးပြီး ပြတင်းပေါက်မှန်များ ထိခိုက်ပျက်စီးခဲ့‌ကြောင်းနှင့် ပွေးလှကျေးရွာအုပ်စု မြို့တောင်ကျောင်းရှေ့နှင့် အ-ထ-က (ပွေးလှ) စာသင်ကျောင်းရှေ့ (၄၀၀) ဗို့အားလိုင်း ဓာတ်တိုင်(၂)တိုင်ပြိုကျပျက်စီးခဲ့ပြီး ပွေးလှကျေးရွာအုပ်စု စင်္ကြာကုန်းကျေးရွာအတွင်းရှိ လူနေအိမ် (၁၁) လုံးနှင့် ကြက်အကောင်ရေ (၄၅၀၀) ခန့်မွေးမြူထားရှိသည့် ကြက်မွေးမြူရေးခြံ (၁) ခြံပြိုကျပျက်စီးခဲ့ကြောင်း၊ ပွင့်လန်းကျေးရွာအတွင်းရှိ လူနေအိမ်(၂၇)လုံး၊ ရှောက်ပင်ကျေးရွာအတွင်းရှိ လူနေအိမ်(၃)လုံးနှင့် ရှောက်ပင်ကျေးရွာတောင်ဘက် တောင်ပေါ်ဘုရားရှိ ဇရပ်(၁)ဆောင်တို့ အမိုးလှန်ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ကူးကော်ကျေးရွာအုပ်စု စံသီးကုန်းကျေးရွာ အတွင်းရှိ လူနေအိမ်(၁၁)လုံး၊ ကျောက်ကြားကျေးရွာအတွင်းရှိ လူနေအိမ် (၅)လုံး၊ မြင်းမူကျေးရွာအုပ်စု ရေပုတ်ကျေးရွာအတွင်းရှိ လူနေအိမ် (၄)လုံး၊ မြင်းမူကျေးရွာမှ လူနေအိမ်(၁)လုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

အဆိုပါပျက်စီးမှုများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ လိုက်လံကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်ကာ ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)