ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အား အောင်နိုင်ရေးအလံ ပေးအပ်

ကလော မေ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ကစားသမားများနှင့် အသင်းအုပ်ချုပ်သူတို့က မိတ်ဆက်၊ ဂါရဝပြုခဲ့ကြသည်။

ထို့နောက် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အသက် (၂၁) နှစ်အောက်ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အမျိုးသားဘောလုံးအသင်း ပြိုင်ပွဲဝင်နည်းပြထံသို့ အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)