မင်းလှ မေ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လှုမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်တိုးတက်မှုရှိစေရန်ရည်ရွယ်၍ မင်းလှမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မြို့နယ်၏ စီမံကိန်းများအောင်မြင်ရေးအတွက် ဆောင်ရွက်ခြင်းသည် မိမိဒေသအကျိုးသာမက တိုင်း/ခရိုင် အကျိုးနှင့် နိုင်ငံအကျိုးကိုပါဆောင်ရွက်ခြင်းဖြစ်၍ အမျိုးသားရေးလုပ်ငန်းတာဝန်အဖြစ်ခံယူကာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့်ဆိုင်ရာစီမံကိန်းရည်မှန်းချက်များကို ကျော်လွန်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ပြောကြားပြီး မြို့နယ်စီမံကိန်းမှူး ဒေါ်နွယ်နီဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ မတ်လအထိ မင်းလှမြို့နယ်အတွင်း လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က တာဝန်ရှိသူအသီးသီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)