ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဓနုဖြူ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထီကွေ့ကျေးရွာအုပ်စု၊ အိုင်ကြီးချောင်းကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မအူပင်ခရိုင်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဟင်္သတမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကထိကဦးစံဝင်းက သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ် သံဂဟေဆက်သင်တန်းအား (၇.၅.၂၀၂၄)မှ(၆.၆.၂၀၂၄)အထိ ရက် (၃၀)ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ သင်တန်းသား(၃၀)ဦး တက်ရောက်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မအူပင်ခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ အထိကနှင့် နည်းပြဆရာများ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)