ကြာဖြူကျေးရွာတွင် ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ပွဲ‌ကျင်းပ

ဝါးခယ်မ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ပွဲ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၊ တောင်သူ ဦးဝင်းဗိုလ်၏ လယ်မြေတွင် ဝါးခယ်မ-ကျုံမငေး လမ်းဘေးဝဲယာရှိ တောင်သူများ၊ အုပ်ချုပ်‌ရေးမှူးများ၊ စိုက်ပျိုးရေးဝန်ထမ်းများအား မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အဖွဲ့ဝင်များတွေ့ဆုံ၍ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံ‌လျှော်မျိုးခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများ ပပျောက်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ပိုက်ဆံလျှော်မျိုးများ‌ပေးအပ်ကာ တစ်ဧက (၁၀) တင်းနှုန်းတိုးတက်ရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးများ စုပေါင်းကြဲပက်ခဲ့‌ကြ‌ ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)