မြစ်သားမြို့နယ်တွင် (၈၇)ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

မြစ်သား မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်(၈၇)ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထောက်ပံ့ငွေပေးအပ်ရာတွင် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်မှ မုဒိတာစကားပြောကြားခဲ့ပြီး ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှု အသင်းဝင်(၁၂၁၄)ဦးတို့မှ အထက်တန်းပြဆရာကြီး ဦးဝင်းနိုင်ထွန်း၊ အလယ်တန်းပြဆရာမကြီး ဒေါ်ခင်လှဝေနှင့် အထွေထွေလုပ်သား ဒေါ်ခင်အုန်းမေ (၃) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၈၅၇၀၀၀ိ/-)ဖြစ်ပြီး စုစုပေါင်း(၃)ဦးအတွက်   ထောက်ပံ့ငွေကျပ် ၅၅၇၁၀၀၀ိ/-အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းကို (၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ အငြိမ်းစားဆရာ၊ ဆရာမကြီးများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အသင်းဝင်ကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းထံမှ သိရသည်။                                                                                                

ဝါဝါမြင့်(မြစ်သား)