မိုးနဲမြို့နယ် စက်တော်ရာကျောင်းတိုက်၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုးနဲ မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနားနှင့် တောင်သူလယ်သမားများ ရိုးရာမိုးခေါ်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က နားခံကျေးရွာအုပ်စု ပန်အူ-ဝမ်ယေးကျေးရွာရှိ စက်တော်ရာကျောင်းတိုက် ဓမ္မာရုံ‌နေရာ၌ကျင်းပပြုလုပ်ရာ မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယ်ကျောင်းတိုက်ဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာ‌တော်၊ ဝါဆိုကျောင်းတိုက်ဆရာတော်၊ စက်တော်ရာကျောင်းတိုက်ဆရာတော်၊ ကင်တုံကျောင်းတိုက်ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယ်ကျောင်းတိုက်ဆရာတော်နှင့် နားခံကမ္မဋ္ဌာန်းကျောင်တိုက်ဆရာတော်တို့က ၂၀၂၄ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အခမ်းအနားကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဩဝါဒကထာမြွက်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနား၊ ညောင်ရေသွန်းပွဲ၊ ဆီမီးပူပွဲများ ကျင်းပမည့်အစီအစဉ်၊ စက်တော်ရာကျောင်းတိုက်တွင် ဆောင်ရွက်လျက်ရှိသော တောင်တက်လမ်းနှင့် နဂါးကြီးနှစ်ကောင်တည်ဆောက်နေမှုနှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်းကောင်း၊ ‌တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင် များက အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း တင်ပြလျှောက်ထားခဲ့ကြသည်။

ထို့နောက် မြို့နယ်သြဝါဒါစရိယရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အခမ်းအနားပြင်ဆင်မှုများ အချိန်မီပြီးစီးနိုင်ရန်၊ လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးညှိနှိုင်းကာ လစ်ဟာမှုမရှိစေရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)