ပြင်ဦးလွင် မေ ၈
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့်ပရဟိတစိတ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ပြောကြားသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ စာရေးဆရာကို ရွှေအောင်သင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူနှင့် လူငယ်/လူရွယ် (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)