Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းတုန်းမြို့နယ် မှန်ကျေးရွာအုပ်စု မီးဘေးသင့်အိမ်ထောင်စုများအား မျိုးစပါးနှင့် မျိုးနှမ်းများ ထောက့်ပံ့ပေးအပ်
May 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မတ်လ ၂၁ ရက်နေ့က တောမီးမှတစ်ဆင့် မှန်(ရွာမ)နှင့် မှန်(ကျွန်းတော)ကျေးရွာတို့တွင် နေအိမ်(၁၅၃)လုံး မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ယမန်နေ့ နံနက် ၉ နာရီခွဲက ကျေးရွာဘုန်းကြီးကျောင်း၌ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မျိုးပါး၊ မျိုးနှမ်း၊ ဆန်၊ ဆီနှင့် ဆိုလာမီးလုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုတသာရမထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့်ဂုဏ်ပြုပူ…
May 12,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုတသာရ မထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ရွှေဘုံသာကျောင်းတိုက်၌ ကျင်းပခဲ့ရာ အပူဇော် ဆရာတော်ကြွရောက်လာစဉ် တေးသံရှင် မေသက်ထားဆွေက ထူးမခြားနားသီချင်း သီဆိုပူဇော်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းရတနာများအား လှိုက်လှဲစွာကြိုဆို
May 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းတွင် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး…
May 12,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်က မကွေးမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ဇော် ဦးဆောင်သည့်အဖွဲ့က စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းဓမ္မာရုံ၌ ရပ်ကွက်အတွင်း နေထိုငကြသော ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်များ ရရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
May 12,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဇီးကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် (Community Centre) ခန်းမ၌ ရေးသူ၊ ဖတ်သူဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
May 12,2024
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်း (Community Centre) ၌ ယမန်နေ့ နံနက်(၉)နာရီတွင် Book Club စာပေချစ်မြတ်နိုးသူအသင်းနှင့် ရေးသူဖတ်သူဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက် ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအ…
May 12,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8984
Page
8985
Page
8986
Page
8987
Current page
8988
Page
8989
Page
8990
Page
8991
Page
8992
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department