ချောင်းဆုံ မေ ၁၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဇီးကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့ ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့် ဝန်ထမ်းများမှ အသက်(၁၀)နှစ်ပြည့်သူ နိုင်(၃)က (၃၄)ဦးနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်(၆)က မိတ္တူ (၄)ဦး စုစုပေါင်း (၃၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ချက်ချင်းပြုလုပ်ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်း (၄)စောင် ဆောင်ရွက်ပေးခဲ့ကာ Biometric ကောက်ယူခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူဇာ(ချောင်းဆုံ)