ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် (Community Centre) ခန်းမ၌ ရေးသူ၊ ဖတ်သူဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် မေ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်း (Community  Centre) ၌ ယမန်နေ့ နံနက်(၉)နာရီတွင် Book Club စာပေချစ်မြတ်နိုးသူအသင်းနှင့် ရေးသူဖတ်သူဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် Book Club အသင်းနာယက စာရေးဆရာ ရန်ကင်းကိုကိုလေးက အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဟိန်းဇေက စာပေကိုမည်ကဲ့သို့ ဖတ်ရှုဆွေးနွေးရမည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စာရေးဆရာမ နန်းဟင်းပြင်းက မှော်ပဉ္စလက်စာအုပ်နှင့် ပတ်သက်၍​ဆွေးနွေးပြောကြားသည်။ စာရေးဆရာမ မမိုးအေး (မိုးမိုးသင်း) ပတ္တမြားမြေ၊ တင့်တယ်ခင်၊ နန်းသင်းဝေ (ပျူပုတီး)၊ သီရိဝေ၊ ဂျီမ​လေး၊ စာရေးဆရာ မောင်ရွှေလှိုင်ထွန်း၊ ဆရာနေဦးနှင့် ဆရာကျော်ခင်ဝင်းတို့က ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို စာရေးဆရာ ဟိန်းဇေက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)