သရက် မေ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုတသာရ မထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ရွှေဘုံသာကျောင်းတိုက်၌ ကျင်းပခဲ့ရာ အပူဇော် ဆရာတော်ကြွရောက်လာစဉ် တေးသံရှင် မေသက်ထားဆွေက ထူးမခြားနားသီချင်း သီဆိုပူဇော်ပေးခဲ့သည်။
ထို့နောက် နမောတဿရွတ်ဆိုဘုရားကန်တော့ပြီး ကျပ်တစ်သိန်းအထက် အလှူရှင်များအား နိုင်ငံကျော်တေးသံရှင် မေသက်ထားဆွေမှ ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ရွှေဘုံသာကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုတသာရ၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပူဇော်ပြီး နိုင်ငံကျော်တေးသံရှင် မေသက်ထားဆွေက သာသနာတော်ဆိုင်ရာ မဟာသဒ္မမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ရွှေဘုံသာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုတသာရအား ကောင်းခြင်းမင်္ဂလာ တေးသီးချင်းဖြင့် ပူဇော်ပေးခဲ့ပြီး သရက်ခရိုင် အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဘွဲ့တံဆပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝိသုတသာရထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)