Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃) စာအုပ်မိတ်ဆက်ပွဲနှင့် ဖြန့်ချိခြင်းအခမ်းအနား ပြုလုပ်
May 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်အုပ်စု၊ အောက်ချိုင်းရပ် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးလမ်း၊ GENERATION TEA ဆိုင်တွင် ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃) စာအုပ်မိတ်ဆက်ပွဲနှင့် ဖြန့်ချိခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း (အလုံ) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမ…
May 12,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာ သင်ကြားနိုင်ရေးနှင့် ကျောင်းဥပတိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)၌ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
May 12,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတရရှိရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာဗဟုသုတများကို မျှဝေနိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ
May 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းကို မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၄)ရပ်ကွက် ရှစ်မျက်နှာဘုရားရှေ့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော
May 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ကျောင်းသားလူငယ်များ မူးယစ်ဆေးကင်းဝေးစေရေးအတွက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာ (၃) လစာ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကျင်းပ
May 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာ (၃) လစာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ မိုးရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၄)လုံးပြိုကျပြီး (၃၆)လုံး အမိုးလန်ပျက်စီး
May 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ယမန်နေ့ညနေ ၅ နာရီကျော်ခန့်က မိုးရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနှင့် နေအိမ်(၂၄)လုံးပြိုပြီး၊ (၃၆) လုံး အမိုးလန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်အတွင်း နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းရှင်တောင်သူများအား တွေ့ဆုံပွဲကျင်းပ
May 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၅၉) ဦးပိုင် (၃၁) တောင်သူဦးမြင့်သိန်း၏ နှံကောက်စိုက်ခင်း၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စပါးသီးနှံညွှန်ကြားရေးမှူး ဦးတိုးမင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများတက်ရောက်ကြပြီး နွေစပါးစံကွက် သုည ဒသမ ၁၀ ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျှင် စပါးအခြောက် ၁၄၂ ဒသမ ၅၀ တင်း ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8986
Page
8987
Page
8988
Page
8989
Current page
8990
Page
8991
Page
8992
Page
8993
Page
8994
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department