ကြည့်မြင်တိုင် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ဇော် ဦးဆောင်သည့်အဖွဲ့က စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းဓမ္မာရုံ၌ ရပ်ကွက်အတွင်း နေထိုငကြသော ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်များ ရရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက် (၃) အရ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် ၁၆ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူ မိသားစုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ် လဝကရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက် အဆင့်(၁) နှင့် (၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် မြို့နယ်အတွင်းနေ ပြည်သူများအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)