မင်းတုန်း မေ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မတ်လ ၂၁ ရက်နေ့က တောမီးမှတစ်ဆင့် မှန်(ရွာမ)နှင့် မှန် (ကျွန်းတော) ကျေးရွာတို့တွင် နေအိမ်(၁၅၃)လုံး မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ယမန်နေ့ နံနက် ၉ နာရီခွဲက ကျေးရွာဘုန်းကြီးကျောင်း၌ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မျိုးပါး၊ မျိုးနှမ်း၊ ဆန်၊ ဆီနှင့် ဆိုလာမီးလုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ ဆင်းသုခမျိုးစပါး တင်း(၁၀၀)၊ မျိုးနှမ်း (မကွေးနက်၂/၂၃)မျိုး (၁၂)တင်း၊ ဆန်အိတ်(၄၀)နှင့် ဆီပိဿာ(၁၆၀)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှုရှင်များက မျိုးစပါး(၁၀၅)တင်း၊ မျိုးစေ့ထုတ်တောင်သူများအသင်းမှ မျိုးစပါး (၁၁၄) တင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ ဆိုလာမီးလုံး(၁၈၀)တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)