Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများအတွင်း ဌာနဆိုင်ရာအသင်းအဖွဲ့များအတွက် လျာထားမြေနေရာသတ်မှတ်ချထားပေးမှုအခြေအနေအား က…
May 12,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် လိုအပ်ချက် ဖြစ်ပေါ်နေသည့် မြေနေရာများချထားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်/မြေရိုင်း (၄၈၀)ဧကပေါ်တွင် အား/ကာသိပ္ပံမြေနေရာ အပါအဝင် ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့အတွက် သတ်မှတ်လျာထားသည့် မြေနေရာများအား ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများ လိုက်ပါလျက် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ မိဘမဲ့ဂေဟာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြိုင်ကြီးငူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှု
May 12,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်…
May 12,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားက စားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ပျဉ်းမနားမြို့အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို…
May 12,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်သာယာလှပရေးနှင့် ရေလယ်ဘုရားကျောင်းဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးက ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးရန်၊ ကန်တော်မင်္ဂလာရှမ်းကန် စနစ်တကျရှိစေရေး၊ မြို့နယ်အတွင်း အမှိုက်ကင်စင်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ရပ်ကွက်ကျေးရွာများတွင် စာကြည့်တိုက်များ ရှင်သန်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပျဉ်းမနားမြို့ မြို့မိမြို့ဖများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပင်လယ်ကမ်းခြေကျေးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေလျက်ရှိ
May 12,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သောက်သုံးရေများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသော ကျေးရွာများအရောက် သောက်သုံးရေများ နေ့စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့က ပင်လယ်ကမ်းခြေကျေးရွာဖြစ်သည့် ဇီးကုန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ် အရာတော်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်
May 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ် အရာတော်ကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး မီးဘေးသင့်ခဲ့သည့် ပြည်သူလူနေအိမ် (၅)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
May 12,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်/ကျေးရွာများသို့ အတင်းအဓမ္မဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာဒေသများသို့ ယာယီပြောင်းရွေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ၄င်းပြည်သူများ နေထိုင်မှုနှင့် လျှပ်စစ်မီးများ အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ ရှင်းလင်းသွယ်တန်းခြင်းတိုကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8985
Page
8986
Page
8987
Page
8988
Current page
8989
Page
8990
Page
8991
Page
8992
Page
8993
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department