ဝိုင်းမော်မြို့နယ်တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဝိုင်းမော် မေ ၁၃

ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိန်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာနမှ ဦးစောဂျင်မီနီဟက်စ်လက်ခ်က သစ်တော များနှင့် ရေဝေရေလဲ ဒေသထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူး များ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးငြိမ်းထွန်းက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာအသိပညာပေးခြင်းနှင့် သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုလျော့ချရေး ခေါင်းစဥ်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြစ်ကြီးနားခရိုင် သစ်တောဦးစီးမှူး ဦးစောဂျင်မီနီဟက်စ်လက်ခ်၊ ဝိုင်းမော်မြို့နယ် သစ်တော ဦးစီးဌာမှ၊ မြို့နယ်မှူးနှင့် ဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ဝိုင်းမော်(ပြန်/ဆက်)