စေတုတ္တရာ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ပြသရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့် ကယ်ဆယ်ရေးဆောင်ရွက်မှုပြသရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်ခြင်းအား မြို့နယ်ရဲတပ်ဝင်များက လက်တွေ့သရုပ်ပြသ၍ လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများပြသ၍ အသုံးပြုပုံများ ရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်ပွဲသို့ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)