ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်

​​ရွှေဘို မေ ၁၃

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ ကျောင်းစာပြင်ပ အသိပညာ ဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း (၂/၂၀၂၄) ကို ယမန်နေ့က စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

အခြေခံပန်းချီသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်​အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုး ရှိစွာ အသုံးချနိုင်စေရေးနှင့် ထူးချွန်ထက်မြက်သော လူငယ်များ ပေါ်ထွန်းလာစေရန် အခမဲ့သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိ​ကြောင်း ​ပြောကြားခဲ့သည်။

အဆိုပါ နွေရာသီ (အခမဲ့) အ​ခြေခံပန်းချီသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်ပြီး (၁၀)ရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)