မင်းဘူးခရိုင်၌ အပူချိန်မြင့်မားသည့် နွေရာသီကာလ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးများကို ဆက်သွယ်အကူအညီတောင်းခံနိုင်

မင်းဘူး မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများအနေဖြင့် အပူချိန်မြင့်မားသည့် နွေရာသီကာလအတွင်း သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေး ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနရုံးများသို့ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း​က ပြောသည်။

မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ယခုနှစ် နွေရာသီ အပူချိန်မြင့်မားသည့်ကာလ ဒေသခံပြည်သူများ သောက်သုံးရေရှားပါးမှုနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲများ မရှိစေရေးအတွက် မီးသတ်ရေသယ်ယာဉ်များဖြင့် သွားရောက်လှူဒါန်းပေးလျက်ရှိသည်။

မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် အပူချိန်မြင့်မားသည့် နွေရာသီကာလ သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက ခရိုင်မီးသတ်ဦးစီးဌာန ဖုန်း ၀၉ - ၄၂၈၃၄၅၉၂၈ ထံသို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးများနှင့် နယ်မြေခံ မီးသတ်စခန်းများသို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်၍ သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေးအတွက် အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံက သိရသည်။

မောင်မောင်(မင်းဘူး)