ဆင်ပေါင်ဝဲ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာ(၂)ရွာအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာအရောက် ရေဂါလန် (၁၆၀၀)တို့ကို လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် အောင်လံမြို့ ရွှေမြန်မာစတိုးနှင့် ရွှေမြန်မာဧည့်ရိပ်သာ ဦးမောင်မောင်လွင်+ဒေါ်လှဌေး မိသားစု၊ ရန်ကုန်မြို့မှ ဦးအောင်သစ်စံ+ဒေါ်အေးသန်း သား ကိုမင်းမင်း မိသားတို့က လယ်ကျိုးကျေးရွာနှင့် ရွာသစ်ကျေးရွာရှိပြည်သူများအား သောက်သုံးရေ ရေဂါလန် (၁၆၀၀) တို့ကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကျေးရွာနေပြည်သူများက ယခုလို နွေရာသီရေရှားပါးသည့်အချိန်တွင် လှူဒါန်းပေးပါသော အလှူရှင်များအား ကျေးဇူးတင်လျက်ရှိပါကြောင်း ကျေးရွာနေပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)