ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း စတင်အကောင်အထည်ဖော်

ပိုင်ကျုံ မေ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (.၈၃)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို အရှည်(၂၀)ပေ၊ အကျယ်()ပေ၊ အမြင့်(၃)ပေရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုလုပ်ငန်းပြီးစီးပါက မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်လာစေပြီး ရပ်ကွက်တွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်သည့်အပြင် အများပြည်သူများ၏လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌လာမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)