မိုင်းဆတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ယမန်နေ့နံနက် (၇) နာရီက ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် ဆိုင်ရာအချက်များ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ထိုသို့ဆော်ဩရာတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ညွှန်ကြားချက်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေထားသည့် မိုးကြိုးဘေး၊ လေပြင်းဘေး ဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းစဉ်များ၊ မိုးကြိုး၊ လေပြင်းကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား ပြည့်စုံစွာဆော်ဩ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)