Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဆုံမြို့နယ်တွင် စီးပွားဖြစ်မျိုးသန့် မျိုးစေ့များထုတ်လုပ်ခြင်းနှင့် မျိုးစေ့ထုတ် စိုက်ခင်းများအတွက် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းနှင့် မျိုးစေ့ထောက်ပ…
May 13,2024
ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ တောင်သူများ စိုက်ပျိုးထုတ်လုပ်ရာတွင် စွမ်းရည်မြင့််မားလာစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မိုးစပါးမျိုးစေ့များထောက်ပံ့ပေးခြင်းနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ပွားများထုတ်လုပ်ခြင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များဆိုင်ရာ နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေအခက်အခဲဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာများအား သောက်သုံးရေများ လှူဒါန်းပေး
May 13,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပူးပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် သောက်သုံးရေးအခက်အခဲဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာများအား သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သာလူးကန်ကျေးရွာခွဲ(ဗူးကုန်းကျေးရွာ)တွင် သောက်သုံးရေဂါလံ ၄၉၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
May 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “စိတ်ရောင်စုံအလှပိုင်ရှင် မြန်မာ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်း အ…
May 13,2024
မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ စံကွက်ရိတ်သိမ်းပွဲကျင်းပ
May 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ဘိုးတော်ကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၅၃၀-ခ) တောင်သူဦးမျိုး၏ ဗျော့ထွန်းစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း၌ စံကွက်ရိတ်သိမ်းပွဲကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများအား စစ်ဆေး
May 13,2024
မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးရုံအုပ်စု၊ ဖိုးမိုးကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများကို မေလ ၁၁ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် ရပ်ကွက်နေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်
May 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒဂုံမြို့နယ်ရုံးမှဦးစီးအရာရှိဦးရဲစွာဝင်းနှင့်ဝန်ထမ်းများသည် ယနေ့နံနက်(၉)နာရီအချိန်က ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေး
May 13,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8970
Page
8971
Page
8972
Page
8973
Current page
8974
Page
8975
Page
8976
Page
8977
Page
8978
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department