မင်းလှ မေ ၁၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက စကောကရင် တိုင်းရင်သားဘာသာစာပေသင် ဆရာ/ဆရာမ နွေရာသီမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ နံနက် (၈) နာရီချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက စောသောင်းကြီးက အမှာစကားပြောကြားခြင်း၊ သင်တန်းမှူး ဆရာစောရွှေသိန်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က သင်တန်းကာလတွင် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခြင်း ဆောင်ရွက်ခဲ့သည်။
သင်တန်းတွင် စကောကရင်စာပေသင် နည်းပြဆရာမ(၂) ဦးက သင်ကြားပို့ချပေးပြီး သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ မိုးညို၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခန့်ထားသည့် ကရင်စာပေသင် (TA/LA) ဆရာ/ဆရာမများ စုစုပေါင်း (၁၅) ဦး တတ်ရောက်ခဲ့ပြီး မေလ (၁၃) ရက်မှ (၁၉) ရက်နေ့ထိ (၇) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(ပြန်/ဆက်)