အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
ခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး(၁၁၄၄၆)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းနှင့်မြောက်နဝင်းရေလှောင်တမံမှဆည်ရေများကို ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပေးဝေခဲ့ပြီးတောင်သူများမှ နွေစပါးသီးနှံကိုစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများအောင်မြင်ဖြစ်ထွန်းနေပြီး မကြာခင်ရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သတ်၍ အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
May 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖြစ်ထွန်းလာစေရန်အတွက် မြို့နယ် MSME အသင်းဝင်များ ရေခဲမုန့်၊ ကွတ်ကီးနှင့်ကိတ်မုန့်အမျိုးမျိုးထုတ်လုပ်နည်းပညာသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(သဲကုန်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
May 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့ နံနက် (၉)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ရိုးပြတ်ကျန်ဧရိယာနှင့် သုံးသီးစိုက်ဧကများတွင် ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
May 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပရာ မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။