အုတ်ဖိုမြို့တွင် စီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

အုတ်ဖို မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးအောင်စိုးက စီမံကိန်းတာဝန်များကိုဆွေးနွေးတင်ပြသည်။

ထို့နောက် စီမံကိန်းရည်မှန်းချက်တာဝန်များဖြစ်သော ဒေသန္တရရည်မှန်းချက်တာဝန်များအား မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက လယ်ယာကဏ္ဍကြီးအား မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအား မြို့နယ်စာတိုက်မှူးအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)