တပ်ကုန်းမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရေခဲမုန့်၊ ကွတ်ကီးနှင့် ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်း ဖွင့်လှစ်မည်

တပ်ကုန်း မေ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖြစ်ထွန်းလာစေရန်အတွက် မြို့နယ် MSME အသင်းဝင်များ ရေခဲမုန့်၊ ကွတ်ကီးနှင့်ကိတ်မုန့်အမျိုးမျိုးထုတ်လုပ်နည်းပညာသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမ လေးဦးဖြင့် သင်တန်းသား ၂၀ ဦးတို့ကို ရေခဲမုန့်၊ ကွတ်ကီးနှင့် ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်နည်းပညာရပ်များကို ၁၇.၅.၂၀၂၄ မှ ၂၄.၅.၂၀၂၄ ရက် ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်