ကျောက်တံခါး မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သတ်၍ အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင်ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ အလုပ်ရှင်များအတွက်ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ သင့်ကြောင့်(ကဗျာ)နှင့် ကလေးအလုပ်သမားဆိုင်ရာဓာတ်ပုံများကို ပြည်သူများသိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးမြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူအသိပညာဗဟုသုတတိုးပွားစေရေးအတွက် လစဉ်နေ့ထူးနေ့မြတ်များ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများ၊ မြို့နယ်တွင်းဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ဆောင်ရွက်ချက်များနှင့် အများပြည်သူသိသင့်သိထိုက်သည့် အသိပညာပေးအကြောင်းအရာများအားစဉ်ဆက်မပြတ် လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)