အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
ပြန်ကြားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲ(၁)နာရီ (၄၅)မိနစ်အချိန်တွင် တောင်ငူမြို့၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံမှာကြားသည်။
May 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံနိုင်ရေး သီတင်းပတ်‌မြေစိုက်ဆိုင်းဘုတ်စိုက်ထူပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commnity Centre)ခန်းမ၌ နိုင်ငံ့ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၂/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့်အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် Woman Club အဖွဲ့တို့ ပူးပေါင်း ကာ အခမ်းအနားမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် အခမ်းအနားမှူး တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများကို သိရှိနာလည်စေရန်၊ အခမ်းအနားအစီအစဥ် အစ၊ အလယ်၊ အဆုံး တာဝန်ယူဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
May 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 14,2024
ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြည်သူများစာဖက်ခြင်းဖြင့်အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ ကိုယ်ပိုင်သီးသန့်စာဖတ်ချိန် ရရှိ‌‌စေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်‌‌ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် ဆရာရေးဆရာမောင်မင်းစိုးရေးသားသည့် “ လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့် ယမန်နေ့ နံနက် (၉) နာရီတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။