အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယခုနှစ်နွေစပါးဧက(၇၇၄)လျာထားပြီး (၁၁၆၂)ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
May 14,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်း​ဒဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မိုးကြိုကာလစိုက်ပျိုးခြင်းအဖြစ် မြို့ရှောင်လမ်း အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း စိုက်ခင်းအမှတ်(၄/၂၀၂၄)တွင် အထူးစိမ်းအပင်ကြီး ၁၀၀၀ ပင်ကို ရေလောင်းစိုက်ပျိုးထားကြောင်း သိရသည်။
May 14,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Korea CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအိမ်ထောင်စုများအား စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ခြင်းကို ကျေးရွာများအရောက် ဆက်လက်‌ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မိုက်ဟိုင်းကျေးရွာတွင်ပေးအပ်ခဲ့ကြောင်း သိရသည်။
May 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့က အမှတ် (၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 14,2024
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပသည်။
May 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ယမန်နေ့မေလ ၁၃ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်က ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ဆောင်ရွက်ပေးနေလျက်ရှိသည်။