ကွန်ဟိန်း မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့ နံနက် (၉)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်က ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန်အတွက် ရုပ်ပုံပြ၊ ပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗသုသုတများတိုးပွါးလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)