မဟာအောင်မြေ မေ ၁၄
မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနဝန်ထမ်းများမှ လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီရောက်ရှိနေပြီဖြစ်သောကြောင့် မဟာအောင်မြေမြို့နယ်အတွင်း မီးလောင်မူနှင့် မီးလန့်မူ မဖြစ်ပွားစေရန်နှင့် မီးလောင်ဆုံးရှုံးမူ လျော့နည်းစေရန်အတွက် မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးညွန့်ဝင်းအောင်၏ လမ်းညွန်မူဖြင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် အပတ်စဉ် မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးသတိမူရေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း