ပေါင်းတည်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်စာအုပ်ပြပွဲ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ

ပေါင်းတည် မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီ က မြို့နယ်ပြန်ကြားရေးကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ၊ ကဗျာရွတ်နှင့်ပုံပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီအားလပ်ရက် ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်တိုးမြှင့်စေပြီး အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ထိုပြပွဲများနှင့်ပြိုင်ပွဲများကျင်းပဆောင်ရွက်ခြင်း​ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများတက်ရောက်ကြည့်ရှုကာ စိတ်ကြိုက်ကဗျာများနှင့်ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲများသို့ တက်ရောက်အားပေးယှဉ်ပြိုင်ကြသည့် မူလတန်းကျောင်းသား၊ ကျောင်းသူ၂၅ ဦးအား မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းနှင့်ဝန်ထမ်းများက ကြည့်ရှုအားပေးကာ အာဟာရမုန့်များဝေငှပေးပြီး ဆုရရှိသူများကို ဆုလက်ဆောင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)