အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းများ၊ ရေမြောင်းများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၀၇.၄၀)သန်းဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
May 14,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများ အမိုး/ အကာအောက်တွင် လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၃ ရက် ညနေပိုင်းက ဝိုင်းမော်မြို့နယ် အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများသို့ သွား‌ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
May 14,2024
မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 14,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကို အဓိကအားထား လုပ်ကိုင်ကြပြီး ယခုအခါ ပိုင်ကျုံမြို့ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ပီလောပီနံကို စီးပွားအဖြစ် စိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
May 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် စံပယ်လမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာအား အုတ်စီရေမြောင်း တည်ဆောက်ခြင်းကို မေလ ၆ ရက်နေ့က စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
May 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိရိုးဖလာလုပ်ငန်းအဖြစ် ဒေသနေတောင်သူများက ကော်ဖီသီးနှံကို စိုက်ပျိုးလာခဲ့ရာ ထွက်ရှိလာသော ကော်ဖီသီးနှံ ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခဲ့ရာမှ ယခုအခါ ကော်ဖီကုန်ချောများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာလျက်ရှိကြောင်း သိရသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဌာနမှ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကံကလေးဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။
May 14,2024
ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အမျိုးသမီးငယ်များ၏ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်‌ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှထိုးနည်းသင်တန်းကို ကျုံပျော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မေလ ၁၄ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သည်။