ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပလောက် မေ   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိစစ်သည်များနှင့်ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားခဲ့ပြီးပြည်သူ့စစ်မှုထမ်းသင်တန်းအား မေလ(၁၄)ရက်နေ့မှ ဩဂုတ်လ(၂)ရက်နေ့အထိ ရက်သတ္တပတ်(၁၂)ပတ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ကိုယ်ခန္ဓာကြံ့ခိုင်ရေး ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်နှင့် အထွေထွေ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)