ပေါင် မေ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ကံကော်၊ စိန်ပန်းဝါ၊ ပင်လယ်ကဗွီ၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ သင်္ဃန်းစသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိကြောင်းသိရသည်။
ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့်နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားစေလိုကြောင်း ပေါင်မြို့နယ်တာဝန်ခံ တောအုပ်ဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
မွန်မလေး(ပြန်/ဆက်)